နေ့တိုင်း ကြည့်ကောင်းနေစေမယ့် လျှို့ဝှက်ချက် (၆) ခု
တစ်ချို့သူတွေ ပြင်ပြင်ဆင်ဆင် နေစရာသိပ်မလိုပဲနဲ့ ကြည့်လို့ကောင်းနေတယ်၊ ခေါင်းစခြေဆုံး ကျော့ရှင်းနေတယ်ဆိုတာ ဘာကြောင့်လဲ? ဘယ်လို လှို့ဝှက်ချက်တွေ ရှိနေတာလဲ?
ဒီနေ့မှာတော့ ငွေကုန်ကြေးကျ သိပ်မများပဲနဲ့ လူတိုင်း နေ့စဉ်ကြည့်ကောင်းနေဖို့ ဆွဲဆောင်မှုရှိနေဖို့ လိုက်နာသင့်တဲ့ အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။
(၁) အိပ်ရာနည်းနည်းစောထပါ
ပုံမှန်ထက် အိပ်ရာ ၁၀ မိနစ်ခန့် စောထရုံနဲ့ သင့်ရဲ့ တစ်နေ့တာ အလှအပကို ပြောင်းလဲစေနိုင်ပါတယ်။
အိပ်ရာစောထတဲ့ နေ့တွေမှာ အဝတ်အစား၊ မိတ်ကပ်၊ ဆံပင် စတာတွေကို အချိန်ပေး ပြင်ဆင်ဖြစ်သလို အလောတကြီး လုပ်စရာမလိုတာကြောင့် တနေ့တာကို ပိုအဆင်ပြေစေပါတယ်။
(၂) ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိပါ
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိခြင်းကတော့ ဘာနဲ့မှမတူတဲ့ အဆင်အယင်တစ်ခုပါပဲ။
စူးရှတောက်ပတဲ့ မျက်ဝန်းတွေ၊ တက်ကြွရဲရင့်တဲ့ ခြေလှမ်းတွေနဲ့ ယုံကြည်မှုပြင်းပြတဲ့ အပြုအမူတွေက ဆွဲဆောင်မှုကို ပိုတိုးစေသလို ပိုပြီး ကြည့်ကောင်းစေပါတယ်။
(၃) ပြုံးတတ်ဖို့ မမေ့ပါနဲ့
သင့်မျက်နှာပေါ်က အပြုံးက သင့်ကို ပိုကြည့်ကောင်းစေသလို လူမှုဆက်ဆံရေးမှာလဲ အကောင်းဘက်ကို ပိုသွားစေပါတယ်။
အပြုံးတွေက ကူးစက်တတ်တဲ့သဘောလဲ ရှိတာကြောင့် တစ်ဖက်လူကိုလဲ စိတ်ပျော်ရွှင်စေသလို အလုပ်ခွင်မှာလဲ ပိုအဆင်ပြေ ချောမွေ့စေပါတယ်။
(၄) လေ့ကျင့်ခန်း လုပ်ပါ
ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ခြင်းက ခန္ဓာကိုယ် ကျန်းမာစေတဲ့အပြင် အချိုးအစားလှစေတယ် ကျစ်လျစ်သွယ်လျစေပြီး ပေါ့ပါးသွက်လက်စေပါတယ်။
လေ့ကျင့်ခန်းကို နေ့စဉ် အချိန်ပေးဖြစ်တဲ့သူတွေက ပိုကြည့်ကောင်းသလို ပိုကျန်းမာကြပါတယ်။
(၅) ကိုယ့်ကိုယ့်ကိုယ် ဂရုစိုက်ဖို့ အချိန်ပေးပါ
ကိုယ်တတ်နိုင်သလောက် အလှအပဆိုင်ရာ ပြုပြင်ထိန်းသိမ်းမှုတွေ လုပ်ပေးတာ၊ တစ်ကိုယ်ရေ သန့်ရှင်းရေးကို အလေးထားတာ၊ ခန္ဓာကိုယ်နဲ့ စိတ်ကို အနားယူတာ၊ တရားထိုင်တာ၊ အသားအရေထိန်းသိမ်းတာ၊ စိတ်ဖိစီးမှုတွေကို လျှော့ချတာ စတဲ့ ဂရုစိုက်မှုလေးတွေ ပုံမှန်လုပ်ပေးဖို့ လိုပါတယ်။
ရုပ်ရည်လှပတာ မလှပတာထက် ကြည့်ကောင်းနေဖို့ ဆွဲဆောင်မှုရှိနေဖို့က ပိုအဓိကကျပါတယ်။
အခုပြောခဲ့တဲ့ နည်းလမ်းတွေက သင့်ကို အခုထက် ပိုကြည့်ကောင်းစေပြီး နေ့စဉ်ဘဝမှာ ယုံကြည်မှု ပိုတိုးစေမှာဖြစ်လို့ ဗဟုသုတအနေနဲ့ မျှဝေလိုက်ရပါတယ်။
ယုဝါ (ဆေးဝါးကျွမ်းကျင်)